အများသိစေရန် ကြေညာခြင်း

by HTOO Group Media Department

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပြည်လမ်း၊ အမှတ်(၅)တွင် တည်ရှိသော HTOO Group of Companies က အောက်ပါအတိုင်း အများသိရှိစေရန်အတွက် ကြေညာအပ်ပါသည်။

အွန်လိုင်းပေါ်တွင် ဦးတေဇ ဓါတ်ပုံနှင့် U Tayza လိုင်စင်ရ ချေးငွေလုပ်ငန်း ဟူ၍ သော်လည်းကောင်း၊ အမှန်တကယ် လိုအပ်နေသူများ ဦးတေဇ ချေးငွေလုပ်ငန်းနှင့် ဆက်သွယ်လိုက်ပါ ဟူ၍ သော်လည်းကောင်း အများပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန် တမင် ရည်ရွယ်၍ မမှန်မကန် လိမ်လည်ပြီး ဖော်ပြကြေညာ ထားသည်ကို တွေ့ရပါသည်။

ဖော်ပြထားသော ချေးငွေလုပ်ငန်းသည် HTOO Group of Companies နှင့်ဖြစ်စေ၊ ဦးတေဇ နှင့်ဖြစ်စေ၊ မည်သည့်အချိန်အခါ၊ မည်သည့် အကြောင်းအရာနှင့်မျှ ပတ်သက်၊ သက်ဆိုင်မှု လုံးဝ မရှိသည်သာမက ဦးတေဇ၏ ဓါတ်ပုံနှင့် အမည်နာမတို့ကို မည်သူ့ကိုမှျ အသုံးပြုခွင့်၊ ကြေညာခွင့်ပြုထားခြင်းတို့ လုံးဝ မရှိပါကြောင်း ထပ်ဆင့်ကြေညာအပ်ပါသည်။

သို့ဖြစ်၍ ဦးတေဇ၏ ဓါတ်ပုံနှင့် အမည်နာမတို့ကို အသုံးပြုပြီး မမှန်မကန် ကြေညာထားသူများအား ဥပဒေများနှင့်အညီ ပြင်းထန် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းကို အများပြည်သူများ အထင်အရှား သိရှိစေရန် အလို့ငှာ ကြေညာအပ်ပါသည်။