Group Managing Director ၏ နှစ်သစ်ဆုတောင်း

by HTOO Group Media Department

မင်္ဂလာပါခင်ဗျာ။

ကျွန်တော်တို့ ၂၀၂၀ ခုနှစ်ကို မကြာခင် ကုန်ဆုံးတော့မှာ ဖြစ်ပြီး ယခုနှစ်က မြန်မာနိုင်ငံအတွက် တိုးတက်မှုများ စဉ်ဆက်မပြတ် ဖြစ်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုဖြစ်သလို ကမ္ဘာနှင့်တစ်ဝှမ်း စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ရသော နှစ်တစ်နှစ်ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်က ကျွန်တော်တို့အတွက်တော့ ဘက်ပေါင်းစုံက စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံတွေနဲ့ အလုပ်အကိုင်တွေမှာ တစ်ခါမှ မကြုံစဖူး သက်ရောက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ပါဝင်ပတ်သက်သော တစ်ဦးတစ်ယောက်ချင်းစီရဲ့ အကျိုးစီးပွားကို အမြဲမျှော်လင့် လုပ်ဆောင်လျက် ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် လွယ်ကူတဲ့အရာတော့ မဟုတ်ခဲ့ပါဘူး။ ကျွန်တော်အနေနဲ့ အလုပ်ကြိုးစားပေးခဲ့ပြီး တစ်နှစ်တာအတွင်း ကြုံတွေ့ခဲ့တဲ့ စိန်ခေါ်မှုတွေကို အတူတကွ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်၊ စီးပွားရေးမိတ်ဖက်အပြင် ပါဝင်လုပ်ကိုင်ပေးသော တစ်ဦးတစ်ယောက်ချင်းစီကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ယခုနှစ်ကတော့ ကျွန်တော်တို့အတွက် အရှုံးမပေးဘဲ ခံနိုင်ရည်ရှိစွာနဲ့ အတူတကွ ဖြတ်သန်းခဲ့ကြတဲ့ နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။
နှစ်သစ်မှာ အရာအားလုံး ကောင်းမွန်စွာနဲ့ ကောင်းမွန်သော အခွင့်အလမ်း ဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်အနေနဲ့ လာမယ့်နှစ်သစ်က ပိုပြီး တိုးတက်ကောင်းမွန်တဲ့ နှစ်တစ်နှစ် ဖြစ်မယ်လို့လဲ ယုံကြည်ပါတယ်။
လာမယ့်နှစ်သစ်အတွက် မိသားစုအားလုံးနှင့် တစ်ဦးတစ်ယောက်ချင်းစီ အတွက် အကောင်းဆုံးတွေပဲ ရရှိစေဖို့ HTOO Group of Companies ကိုယ်စား ကျွန်တော်က ဆုမွန်ကောင်း တောင်းပေးပါတယ်။ ယခုနှစ်သစ်က အားလုံးအတွက် ကျန်းမာပြီး ကျွန်တော်တို့ရဲ့ ဘဝတွေကို ပျော်ရွှင်မှုတွေ ယူဆောင်လာပေးစေဖို့ မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
ဦးပြည့်ဖြိုးတေဇ
Group Managing Director
https://www.facebook.com/HtooGroup/posts/4470264816335176