AGD ဘဏ် ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့အား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါ၏။

by HTOO Group Media Department

“မြန်မာပြည်သူပြည်သားများအတွက် အကောင်းမွန်ဆုံး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် ငွေအပ်နှံသူများ၏ လိုအပ်ချက်အမျိုးမျိုးကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန်” ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၀ ခုနှစ်မှ စတင်ခဲ့သည့် AGD Bank သည် Customer များ၏ ယုံကြည်လက်ခံမှုနှင့်အတူ ယခု ၂၀၂၀ ခုနှစ်တွင် ၁၀ နှစ်တာ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

AGD ဘဏ်သည် Customer များကို အကောင်းဆုံး ဝန်ဆောင်မှုပေးပြီး၊ ဘဏ်လုပ်ငန်းများကို လူတိုင်း အဆင်ပြေ လွယ်ကူစွာ အသုံးပြုနိုင်ရန် ကြိုးစား လုပ်ဆောင်လျှက်ရှိသလို Digital Banking ဝန်ဆောင်မှုများကိုလည်း ပိုမိုကျယ်ပြန့်စွာ အဆင့်မြှင့်တင်ပြီး သုံးစွဲသူများအတွက် အကောင်းဆုံးသော ဘဏ်တစ်ခုဖြစ်ဖို့ ကြိုးစား လုပ်ဆောင် နေပါသည်။

AGD Bank ၏ လုပ်ငန်းဆောင်တာများ ပိုမိုတိုးတက် အောင်မြင်ပါစေကြောင်းနှင့် AGD Bank ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့မှသည် နောင်နှစ်ပေါင်း ရာထောင်ချီတည်တံ့ခိုင်မြဲ အောင်မြင်ပါစေကြောင်း HTOO Group of Companies မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

AGD ဘဏ်က အားလုံးနဲ့အတူ ရှင်သန်ကြီးပွားတိုးတက်နေမှာပါ။
https://www.facebook.com/AGDBank/posts/3287364264618278