AGD ဘဏ်နှင့် HTOO Group of Companies မှ COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် ငွေကျပ် သိန်းတစ်ထောင်တန်ဖိုးရှိ Cash နှင့် ဆေးပစ္စည်းများ လှူဒါန်း

by HGC Admin

AGD ဘဏ်နှင့် HTOO Group of Companies မှ COVID 19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကိစ္စရပ်များတွင် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်ပြီး ဆေးရုံသုံး ပစ္စည်းများဖြစ်သည့် N95 Mask များ၊ PPE ဝတ်စုံများ၊ X Ray စက်၊ အခြား Maskများနှင့် ငွေသား သုံးရာ့နှစ်သိန်း နှစ်သောင်းငါးထောင်ကျပ် အပါအဝင် စုစုပေါင်း ကျပ်သိန်း တစ်ထောင်တန်ဖိုးရှိ ပစ္စည်းများ နှင့်ရန်ပုံငွေအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဧပြီလ(၅)ရက်နေ့ မနက်တွင် လှူဒါန်းခဲ့ကြောင်း ဝမ်းမြောက် ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။