ထူးဖောင်ဒေးရှင်း ကျန်းမာရေးဝန်ထမ်းများ စင်တာသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လာရောက်ကြည့်ရှု

by HTOO Group Media Department

COVID – 19 ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအတွက် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်စားသောက်မှု အဆင်ပြေစေရန် ရည်ရွယ်၍ လက်ရှိ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် “ထူးဖောင်ဒေးရှင်း ကျန်းမာရေးဝန်ထမ်းများ စင်တာ (HTOO Foundation Lodge)” သို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းနှင့် အဖွဲ့ လာရောက်ကြည့်ရှုခဲ့ရာ ထူးလုပ်ငန်းစုမှ Group Managing Director ဦးပြည့်ဖြိုးတေဇ နှင့် တာဝန်ရှိဝန်ထမ်းများမှ လိုက်လံပြသခဲ့ပြီး လိုအပ်သည်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

<English Content>

Professor Dr. Zaw Than Htun, Director-General, Department of Medical Research, Ministry of Health and Sports, along with his team inspected the on-going site preparations of HTOO Foundation Lodge (HFL) for Healthcare Professionals on 1 October 2020 and discussed the requirements with U Pye Phyo Tay Za, Group Managing Director, HTOO Group of Companies and his team members.